Pages

Subscribe:

Saturday, August 20, 2011

How to manage at Startup (Computer)

...Computers များကို စဖွင့်၍ Windows Log on လုပ်ပြီးသော်လည်း မိမိ ဖွင့်ချင်သော File,Folder,Program များကို ချက်ချင်းဖွင့်၍ မရတတ်ပဲ Loading လုပ်နေသည်ကို စောင့်နေရတတ်သည်။ အထူးသဖြင့် Internet အမြဲတမ်း ဆက်သွယ်ထားသော Computers များတွင် ပိုဖြစ်တတ်ပါသည်။ထိုသို့ဖြစ်ရခြင်းမှာ Computer ၏ Model နိမ့်နေ၍ လည်းကောင်း၊ Model မြင့်သော်လည်း Startup တွင် Auto-run Programs များနေ၍သော် လည်းကောင်း ဖြစ်တတ်ပါသည်။ ထိုသို့ အဖြစ်နည်းရန် Startup မှ Auto-run များကို Control လုပ်ပေးရပါသည်။ ထိုသို့လုပ်ရန် Start Menu မှတဆင့် Run ကိုသွား၍ msconfig ရိုက်ထည့်ပြီး OK နှိပ်လိုက်လျင် အောက်ပါ ပုံမျိုးတက်လာလိမ့်မည်။...

...ထို System Configuration Utility မှ Startup Tab ကိုသွား၍ Startup Auto-run များကို Manage လုပ်နိုင်ပါသည်။...
...Windows Vista သုံးသူများအတွက် Windows Defender မှ Software Explorer ၏ Startup Programs ကိုသွား၍လည်း Startup Auto-run Programs များကို အောက်ပါပုံများအတိုင်း Manage လုပ်နိုင်ပါသည်။...


 
...ထို့အပြင် တစ်ခြား Startup Manager Softwares များသုံး၍လည်း Startup Auto-run များကို Control လုပ်နိုင်ပါသည်။ Startup Manager Softwares များထဲမှ ကျွန်တော်နှစ်သက်သော Software လေး တစ်ခုကိုဖော်ပြပေးပါမည်။ File size သေးပြီး Install လုပ်စရာမလိုပဲ အသုံးပြု၍လွယ်ကူသော Free Software လေးတစ်ခုဖြစ်ပါသည်။ Software ကတော့ StartUp Tool ဖြစ်ပြီး၊ ၄င်းကိုအောက်ပါဒီနေရာမှာ Download လုပ်နိုင်ပါသည်။...

...Download လုပ်ပြီးသွားသော File ကို My Computer ၏ မည်သည့် နေရာတွင်မဆို ထား၍ သုံးနိုင်ပါသည်။ (ဥပမာ-My Documents,Desktop,Program Files,etc.) ထို့နောက် ၄င်း File ကို Double Click ဖြင့် ဖွင့်လိုက်လျင် အောက်ပါပုံမျိုးကို တွေ့ရပါမည်။...

...အသုံးပြုပုံမှာ မခက်ခဲပါ။ Startup Auto-run တွင် လိုအပ်သည့် Programs များကို Mark လုပ်၍ မလိုအပ်သည့် Programs များကို Unmark လုပ်ပေးရုံပဲ ဖြစ်ပါသည်။ သတိထားရန်မှာ Windows ဖွင့်ရန်အတွက် လိုအပ်သည့် Auto-run Programs များကို Unmark မလုပ်မိစေရန် ဖြစ်ပါသည်။ Startup Auto-run တွင် ပိတ်ထားသင့်သည့် Programs များမှာ Startup တွင် မလိုအပ်သည့် Programs များဖြစ်ပါသည်။     ဥပမာ-Adobe Reader,Quick Time,Real update,VZOChat,MediaRing Talk,etc.
မလိုအပ်သည့် Startup Auto-run Programs များကို Unmark လုပ်၍ Apply လုပ်ပြီး Exit လုပ်ပေးရုံပါပဲ။ နောက်တစ်ခါ Computer စဖွင့်လျင် Unmark လုပ်ထားသော Startup Auto-run Programs များ မပွင့်တော့ပါ။ သို့သော် ၄င်း Programs များကို Mark ပြန်လုပ်ပေးလျင် မူလအတိုင်း ပြန်ဖြစ်သွားပါမည်။ အသုံးပြုနည်းက လွယ်ကူပါသည်။...သို့သော် Windows Vista ဆိုလျင် ထို Software ဖြင့် မရပါ။ တစ်ခြား Software ကိုသုံးရပါမည်။ ကျွန်တော် သုံးနေသော Software တစ်ခုကို ဖော်ပြပေးပါမည်။ Software ကတော့ CuperUtilities StartUp Manager ဖြစ်ပါသည်။ သို့သော် ထို Software ကိုတော့ Install လုပ်ပေးဖို့ လိုအပ်ပါသည်။...
...Download လုပ်၍ Install လုပ်ပြီး ဖွင့်ကြည့်ပါက အောက်ပါပုံမျိုးကို တွေ့ရပါမည်။...

၎င်း Software ကို အသုံးပြုပုံမှာလဲ လွယ်ကူပြီး အထက်ပါ Software ကဲ့သို့ Unmark, Mark လုပ်းပေးရုံပဲ ဖြစ်ပါသည်။...
...ဒါတွေကတော့ Startup ၌ Auto-run Programs များကို Control,Manage လုပ်တဲ့နည်းတွေ ဖြစ်ပါသည်။...

0 comments:

Post a Comment