Pages

Subscribe:

Saturday, October 22, 2011

Core i3,Core i5,Core i7 ကွာခြားချက်များ

Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..
Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology

1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..


5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..


7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...


Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကှိုစက်တင်ဘာလ ၈ ရက် ၂၀၀၉ခုနစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..

Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..


Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..

Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..

Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..


အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်။ ဒီ post လေးကိုတော့ မိတ်ဆွေသယ်ရင်းများ ဗဟုသုတရရှိအောင် ကျွန်တော့်ရဲ့နောင်တော်ကြီးဆိုဒ် (ဒီနေရာ) မှ ပြန်လည်ဝေငှထားတာပါ။

Clock X Full

  
      လှပသော alarm clock  လေးတစ်ခုနဲ့မိတ်ဆက်ပေးပရစေ။မိတ်ဆွေများအတွက် desk top ပေါ်မှာ gadget အဖြစ်တင်ထားနိုင်ပါတယ်။ နာရီအမျိုးအစားပုံစံပေါင်း ၂၀၀ ကျော်ပါရှိပါတယ်။




အသုံးပြုပုံ။  ။ install လုပ်ပြီးပါက  option ၇ှိ apperence  မှာနာရီများကို ရွေးချယ်နိုင်ပါတယ်။ alarm ပေး လိုလျှင်  alarm ကိုသွားပါ  new  တွင်အထက်ပါပုံအတိုင်alarm နာမည် ရွေးချယ်ရပါမယ်။မိမိပေးလိုသော alarm  အချိန်ေ၇ွးချယ်ရပါမယ်။  play sound/video  တွင်အမှတ်ခြစ်ပေးပြီး  ပုံတွင်ပြထား  သည့်အတိုင်း ရွေးချယ်ပေးပါ။ မိမိပေးလိုသော alarm မြည်၇န်ကြာချိန်ကို စိတ်ကြိုက်ထားနိုင်ပါတယ်။  အကယ်၍ alarm လည်းပေးချင် မိမိအသုံးလိုသော program  လည်းဖွင့်ချင်ရင်တော  Execute application   တွင်အမှန်ခြစ် ပေးပြီး မိမိကွန်ပျုတာထဲရှိ C:\ Program Files ထဲရှိမိမိဖွင့်လိုသော program ကိုရွေးလိုက်ပါ (သို့မဟုတ်  )  Desk top ပေါ်ရှိ shortcut ကိုရွေးရင်လည်းရပါတယ်။ ဒီနေရာမှာ ယူလိုက်ပါ။


BOOTMGR is missing error ဖြေရှင်းနည်း

           
      window 7 အသုံးပြုသောကွန်ပျူတာများတွင် BOOTMER is missing ဆိုပြီးတော့ အထက်ပါပုံအတိုင်း   တတ်လာခဲ့လျှင် ဖြေရှင်းရန်နည်းလမ်းများမှာ

ဖြေရှင်းနည်း(၁) အရင်ဆုံး window ခွေထည့်ပြီး အောက်ပါပုံများတိုင်း ကွန်ပျူတာကို repair ပေးသည်အထိ အဆင့်ဆင့် သွားလိုက်ပါ။


repair ပြီးသွားပါက ကွန်ပျူတာကို retart ချလိုက်ပါ။ ok သွားပါလိမ့်မည်။

ဖြေရှင်းနည်း(၂) နောက်တစ်နည်းကတော့  the Bootrec.exe tool ကိုအသုံးပြုခြင်း ဖြစ်ပါတယ် system recovery option ထဲရှိ command prompt ထဲတွင် bootrec /fixboot ဟုရိုက် လိုက်ပြီး restart ချလိုက်ပါ။ (သို့မဟုတ်) command prompt ထဲတွင် Bootrec.exe ဟုရိုက်ထည့်ပြီး restart ချလိုက်ပါ။

 အားလုံးပဲအဆင်ပြေကြပါစေ။

Friday, October 21, 2011

AVG internet security 2012


135.35 MB


       AVG internet security 2012  ပါစိတ်ကြိုက်သုံးဆွဲနိုင်အောင် serial key ရော keygen ပါထည့်သွင်းပေး ထားပါတယ်။  ဒီနေရာမှာ ဒေါင်းလိုက်ပါ။

Thursday, October 20, 2011

linux တွင်မြန်မာ font ထည့်နည်း

linux တွင်မြန်မာ font ထည့်နည်း စာအုပ်လေးပါ။  
 

 ဒီနေရာမှာ ဒေါင်းလိုက်ပါ။

Computer တစ်လုံးမှ အခြား Computer တစ်လုံးသို့ Data များပြောင်းခြင်း

Computer တစ်လုံးမှ အခြား Computer တစ်လုံးသို့ Data တွေပြောင်းချင်တဲ့အခါမှာ လွယ်လွယ် ကူကူ ပြောင်းနိုင်တဲ့ နည်းလမ်းလေး ပြောပြချင်ပါတယ်။
Computer တစ်လုံးမှ အခြား Computer တစ်လုံးသို့ Data တွေပြောင်းဖို့အတွက်
- ကွန်ပျူတာ ၂ လုံးလိုပါတယ်။

- Lan cable တစ်ချောင်းလိုပါတယ်။

Lan cable အား ကွန်ပျူတာ တစ်လုံးဆီတွင် တပ်ဆင်လိုက်ပါ။ ထိုနောက် Start – Connect To – Show all connections သို့သွားပါ။ Local Area Connection အား Right Click -- Properties – Click Internet Protocol (TCP/IP) – Click Properties – Click Use the following IP address.
IP address နေရာတွင် ကွန်ပျူတာတစ်လုံးမှာ 10.0.0.1 ဟုထားလျှင်


အခြားတစ်လုံးတွင် 10.0.0.2 ဟုထားပါ။ Click ok.


အခုဆိုရင် ကွန်ပျူတာတစ်လုံးမှ အခြားတစ်လုံးဆီသို့ Data တွေပြောင်းဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ မိမိပြောင်းချင်သော Folder အား Right Click -- Click Sharing and Security – Click Share this folder on the network – Click ok. ဒါဆိုရင် ကွန်ပျူတာတစ်လုံးမှ အခြားတစ်လုံးသို့ ပြောင်းချင်တဲ့ Folder အား ရှယ်လုပ်ပြီး သွားပါပြီ။


Click Start – Click Run (Windows key + R) တွင် 10.0.0.1 ကွန်ပျူတာမှ ရှယ်ထားလျှင် \\10.0.0.1 ဟုရိုက်ပါ။ 10.0.0.2 ကွန်ပျူတာမှ ရှယ်ထားလျှင် \\10.0.0.2 ဟုရိုက်ပါ။ Click ok.
ဒါဆိုရင် 10.0.0.1 ကွန်ပျူတာမှ ရှယ်ထားသော Data များကို 10.0.0.2 ကွန်ပျူတာ အခြားစက် သို့ ကော်ပီကူးနိုင်ပါပြီ။

Desktop ခြောက်ခုခွဲမယ်



          
          desk top ကို မျက်နှာပြင်များပြောင်းပြီးတော့ သုံးလို့ ရတဲ့ ဆော့ ဝဲလေးပါ...တစ်ဖက်မျက်နှာမှာဖွင့် ထားတာတွေကို  တစ်ဖက်မှာပြောင်းပြီးတော့ သုံးရင်မမြင်ရတော့ ပါဘူး  မိမိကွန်ပျူတာတွင်  အရေးကြီးတာတွေကိုလုပ်နေတုန်းသူများ လာလို့ မမြင်ရအောင် ဘက်ပြောင်းပြီးတော့ သုံးလို့ ရပါတယ်။

အသုံးပြုပုံ
       
အရင် run ပါ ။ အဲ့ဒါဆိုရင် tray icon နေရာမှာ Deskspace ဆိုတဲ့ icon လေးရောက်သွားပါလိမ့်မယ် ။ ပြီးရင် အဲ့ icon လေးကို တစ်ချက်နှိပ် ၊ ပြီးရင် အဲ့ထဲက Activation Tab ဆိုတဲ့ နေရာလေးမှာ ၀င်ပြီး မိမိ ပြောင်းချင်တဲ့ key လေးကို ၀င်ချိန်းပေးလိုက်ပါ ။ Ctrl + Alt ဆိုတာ အဆင်ပြေဆုံးပါပဲ ။ အဲ့ဒါကြောင့် Ctrl + Alt ကို အမှန်ခြစ်ပေးပြီး ကျန်တာ အားလုံး ဖြုတ်လိုက်ပါ ။ ပြီးရင် အောက်ဆုံးက Start When Windows Starts ကိုလည်း အမှန်ခြစ် ထည့်လိုက်ပါ ။ ပြီးရင် နောက်မှာ ရှိတဲ့ Display , Mouse တို့ နေရာမှာလည်း မိမိကြိုက်တဲ့ setting တွေကို ရွေးချယ်လို့ ရပါသေးတယ် ။ အကုန်ပြီးသွားရင် ok ပေးလိုက်ပါ ။ ပြီးတာနဲ့  Ctrl + Alt ကို ဖိနှိပ်ထားလိုက်တာနဲ့ အံ့စာတုန်းပုံစံလေး ဖြစ်လာပြီး Keyboard ကနေ Arrow Key လေးနဲ့ မိမိ ကြိုက်တဲ့ Desktop 6 မျိုးလုံးကို နေရာ အနှံ လျှောက်သွားနိုင်ပြီဖြစ်ပါတယ် ။ Desktop တစ်ဖက် တစ်ချက်စီမှာ Run ထားတဲ့ program တွေကို တစ်ခြား Desktop က မြင်နိုင်မှာ မဟုတ်ပါဘူး ။ ပထမဆော့ဝဲလေးကတော့ Dasktop ကိုခြောက်ခုခွဲနိုင်ပါတယ်။  ဒုတိယဆောဝဲလေးကတော့ Dasktop ကို လေးခုခွဲနိုင်ပါတယ်။ကြိုက်တာသုံးကြည့်ပေါ့ ..
to download
ဆော့ဝဲ (၁)
ဆော့ဝဲ(၂)